ကမ္ဘာလုံးဆိုင်ရာ အကူအညီဝန်ဆောင်မှု
နအေိမျ>ဝန်ဆောင်မှုနှင့် ကုန်ပစ္စည်း>ကမ္ဘာလုံးဆိုင်ရာ အကူအညီဝန်ဆောင်မှု

UnionPay premium card ပိုင်ဆိုင်ထားပါက မည်သည့်နေရာသို့ရောက်နေသည်ဖြစ်စေ ပင်လယ်ရပ်ခြားခရီးသွားအကူအညီ၊ ဆေးကုသရေးအကူအညီ၊ VIP ကျန်းမာရေး စောင့်ရှောက်မှုဝန်ဆောင်မှု၊ အဆင့်မြင့်ခရီးသွားအာမခံ၊ ၂၄ နာရီကြိုဆိုရေးဝန်ဆောင်မှု စသည့် အထွေထွေအထူးအခွင့်အရေးများကို ခံစားနိုင်ပါသည်။ အဆိုပါအခွင့်အရေးများ သည် UnionPay premium card ၏ တမူထူးသည့်ကောင်းကျိုးများ ဖြစ်ပါသည်။
UnionPay premium card မှ သင့်အတွက် အထူးသီးသန့်အခွင့်အရေးများကို ဆောင်ကြဉ်းပေးပါသည်။ သင်၏ ပင်လယ်ရပ်ခြားခရီးစဉ်၌ လိုအပ်ချက်များ ဖြည့်ဆည်းပေး ရန်အတွက် ကျွန်ုပ်တို့က ဂရုတစိုက်အစီအစဉ်ဆွဲပေးပါမည်။ သင်၏ ခံစားခွင့်အသစ် စက်စက်များကို မြန်မြန်လာကြည့်လိုက်ပါ။

ကမ္ဘာလုံးဆိုင်ရာ ခရီးသွားအကူအညီ
 UnionPay premium card ပိုင်ဆိုင်ထားပါက မည်သည့်နေရာသို့ရောက်ရှိနေသည် ဖြစ်စေ တစ်နှစ်ပတ်လုံးခရီးသွားအကူအညီများ ရရှိနိုင်ပါသည်။ သင် တရုတ်နိုင်ငံ၌ ဘာသာစကားအကူအညီ လိုအပ်သည်ဖြစ်စေ၊ ဘန်ကောက်၌ ပစ္စည်းအခိုးခံရသည်ဖြစ်စေ ကျွန်ုပ်တို့အား အမြန်ဆုံးဆက်သွယ်လိုက်ပါ။

ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများမှာ -
• ခရီးဆောင်အိတ် ကြန့်ကြာခြင်း၊ ပျောက်ဆုံးခြင်းအကူအညီ
• နိုင်ငံကူးလက်မှတ်ပျောက်ဆုံးခြင်းအကူအညီ
• အရေးပေါ်ဥပဒေအကူအညီ
• အရေးပေါ်ခရီးသွားအကူအညီ
• အရေးပေါ်ဖုန်းဖြင့် ဘာသာပြန်ဝန်ဆောင်မှု
• သံရုံး၊ ကောင်စစ်ဝန်ရုံးဆိုင်ရာ အချက်အလက်များ
• အရေးပေါ်စကားပြန်ဝန်ဆောင်မှု

ကမ္ဘာလုံးဆိုင်ရာ ဆေးကုသရေးအကူအညီ

 UnionPay premium card ပိုင်ဆိုင်ထားပါက မည်သည့်နေရာသို့ ရောက်ရှိနေသည်ဖြစ်စေ တစ်နှစ်ပတ်လုံး ဆေးကုသရေးနှင့် လုံခြုံရေးအကူအညီများ ရရှိနိုင်ပါသည်။ သို့ဖြစ်ရာ မက်ဒရစ်၌ ဆေးဝါးများပျောက်ဆုံးသည်ဖြစ်စေ၊ ဝူဟန့်၌ ဆေးကုသရန် လိုအပ်သည်ဖြစ်စေ၊ နှလုံးသွေးကြောပိတ်ဆို့ခြင်းကဲ့သို့ ပိုမိုပြင်းထန်သော အခြေအနေနှင့် ကြုံတွေ့ရသည်ဖြစ်စေ ကျွန်ုပ်တို့အား အမြန်ဆုံးဆက်သွယ်လိုက်ပါ။

ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများမှာ -
• ဖုန်းဖြင့် ကုသရေးဆိုင်ရာ စုံစမ်းမေးမြန်းခြင်း
• ဆေးကုသရေးအဖွဲ့အစည်း မိတ်ဆက်ပေးခြင်းနှင့် အကြံပြုခြင်း
• ဆေးကုသရန်နှင့် ဆေးရုံတက်ရန် ကူညီစီစဉ်ပေးခြင်း
• ဆေးရုံတက်နေစဉ်အတွင်း ဆေးကုသစရိတ်အာမခံပေးခြင်း သို့မဟုတ် စိုက်ထုတ် ပေးခြင်းနှင့် ဆေးရုံတက်နေစဉ်အတွင်း ရောဂါအခြေအနေအား စောင့်ကြည့် လေ့လာပေးခြင်း
• ဆေးကုသရေးဆိုင်ရာ ဘာသာပြန်ဝန်ဆောင်မှု
• လိုအပ်သောဆေးဝါးများနှင့် ဆေးကုသရေးသုံးပစ္စည်းများအား ပို့ဆောင်စီစဉ် ပေးခြင်း
• အရေးပေါ်ကုသရန် လွှဲပြောင်းပေးခြင်း
• အလောင်းအား ပြည်တွင်းသို့ ပြန်လည်သယ်ဆောင်ရန် စီစဉ်ပေးခြင်း
• ဆွေမျိုးသားချင်းများ လူနာသတင်းမေးနိုင်ရန် စီစဉ်ပေးခြင်း
• အရွယ်မရောက်သေးသော သားသမီးများ ပြည်တွင်းသို့ပြန်လာနိုင်ရန် စီစဉ်ပေးခြင်း
• ဆွေမျိုးသားချင်းများ တည်းခိုနိုင်ရန် စီစဉ်ပေးခြင်း

ကမ္ဘာလုံးဆိုင်ရာ ခရီးသွားအာမခံ
မိသားစုလိုက် ခရီးထွက်သည်ဖြစ်စေ၊ စီးပွားရေးခရီးစဉ်ဖြစ်စေ ခရီးသွားမတော်တဆ အာမခံထားရှိရန် မဖြစ်မနေလိုအပ်ပါသည်။ ခရီးသွားအာမခံအချက်အများစု၌ အနိမ့်ဆုံး အာမခံကိုသာ ပေးအပ်တတ်သည်။ ငွေရေးကြေးရေးကြောင့် အခက်ကြုံမှု မရှိစေရန်အတွက် ကျွန်ုပ်တို့၏ ခရီးသွားမတော်တဆအာမခံက သင် သို့မဟုတ် သင်၏မိသားစုဝင်များ ခရီးသွားရာ၌ မတော်တဆဖြစ်သည့်အခါ များပြားသော လျော်ကြေးငွေများ ရရှိစေပါသည်။
UnionPay premium card အသုံးပြု၍ ခရီးသွားလက်မှတ်များအား ငွေပေးချေစဉ်တွင် သင်နှင့်အတူခရီးသွားလာသည့် မိသားစုဝင်များအားလုံးသည် ထိုခရီးစဉ်အတွက် ခရီးသွားမတော်တဆအာမခံကို ရရှိနိုင်ပါသည်။ သင်သိထားသကဲ့သို့ပင် သမရိုးကျ ကျန်းမာရေးအာမခံမှာ ကိုယ်တိုင်ထိခိုက်ဒဏ်ရာရခြင်း သို့မဟုတ် ရောဂါအတွက်သာ အာမခံကြေးရရှိနိုင်ပြီး ထာဝစဉ်မစွမ်းမသန်ဖြစ်ခြင်း သို့မဟုတ် သေဆုံးခြင်းအတွက် အာမခံကြေး မပါဝင်ပေ။ ကျွန်ုပ်တို့၏ ခရီးသွားမတော်တဆမှုအာမခံမှာမူ မတော်တဆမှု အတွက် မြင့်မားသောအာမခံကြေး ပေးအပ်ပါသည်။ အာမခံထားရှိနိုင်သည့်အတိုင်းအတာ မှာ ကတ်ပိုင်ရှင်သည် အကျုံးဝင်သော credit card အသုံးပြု၍ လမ်းပန်းဆက်သွယ်ရေး လက်မှတ်အတွက် ငွေပေးချေပြီးနောက်၊ လေဆိပ်၊ ဆိပ်ကမ်း၊ ရထားသံလမ်း၊ ဘတ်စ်ကားမှတ်တိုင်သို့ ဝင်ရောက်ပြီးနောက် စီးနင်းလိုက်ပါသည့်ကာလတစ်ခုလုံးအတွက် အာမခံဖြစ်ပါသည်။

ကတ်ပျောက်ဆုံးခြင်းအတွက် အကာအကွယ်
ပျောက်ဆုံးခြင်း၊ အခိုးခံရခြင်း သို့မဟုတ် ကတ်မိတ္တူပွားခံရခြင်း စသဖြင့် အခွင့်အာဏာမရှိဘဲ credit card အား ခိုးယူ၍ ငွေခိုးထုတ်ခြင်းကြောင့် ပေါ်ပေါက်လာသော နစ်နာမှုများအတွက် ပေးလျော်ပါသည်။
credit card ပျောက်ဆုံးခြင်း သို့မဟုတ် အခိုးခံရကြောင်း သင်သိရှိချိန်၌ ခံစားနေရမည့်စိတ်အခြေအနေကို ကျွန်ုပ်တို့ သေသေချာချာသိရှိပါသည်။ ကတ်သုံးစွဲသူ သုံးပုံတစ်ပုံနီးပါးသည် credit card တုပအသုံးပြုခံရခြင်းဒုက္ခကို ခံစားရဖူးသည်။ ထိုကဲ့သို့ အခိုးခံရခြင်းနှင့် တစ်ဆက်တည်းပေါ်ပေါက်လာသော credit card ဖြင့် ငွေခိုးထုတ်ခြင်းတို့သည် ပွဲတော်ရက်များနှင့် ခရီးသွားလာနေစဉ်အတွင်း မကြာခဏ ဖြစ်ပွားလေ့ရှိပါသည်။ ထိုအခြေအနေတွင် မည်သို့အရေးပေါ်ဖြေရှင်းရန်နှင့် မြန်ဆန်စွာတုံ့ပြန်ရန်မှာ လွန်စွာအရေးကြီးပါသည်။ စုစည်းထားသောမှတ်တမ်းများအရ သာမန် credit card ဘဏ်စာရင်း၏ ပျမ်းမျှငွေခိုးထုတ်ခံရသောပမာဏမှာ အမေရိကန်ဒေါ်လာ ၇၅၀ ထက်ကျော်လွန်ကြောင်း တွေ့ရှိရရာ credit card ပျောက်ဆုံးခြင်း သို့မဟုတ် အခိုးခံရခြင်းအတွက် ပေးအပ်သောအာမခံချက်မှာ မည်မျှအရေးကြီးသည်ကို အပြည့်အဝသက်သေထူနေပါသည်။ သို့ဖြစ်ရာ ကျွန်ုပ်တို့သည် သင့်အား အန္တရာယ်ထိန်းချုပ်ရေးဝန်ဆောင်မှု ပေးအပ်ပါသည်။ အကယ်၍ သင်၏ credit card အခိုးခံရခြင်း သို့မဟုတ် ပျောက်ဆုံးခြင်း ပေါ်ပေါက်ပါက ကျွန်ုပ်တို့အား ချက်ချင်းအကြောင်းကြားပါ။ သင်ပျောက်ဆုံးကြောင်း တိုင်ကြားသည့်နေ့မှစ၍ ၇ ရက် အတွင်း အခွင့်အာဏာမရှိဘဲ credit card ဖြင့်ငွေခိုးထုတ်ခြင်းကြောင့် ပေါ်ပေါက်လာသော ငွေကြေးနစ်နာမှုများအတွက် ကျွန်ုပ်တို့မှ အာမခံပေးပါသည်။ ဆိပ်ကမ်း၊ ရထားသံလမ်း၊ ဘတ်စ်ကားမှတ်တိုင်သို့ ဝင်ရောက်ပြီးနောက် ကတ်ကိုင်ဆောင်သူ၏ လိုက်ပါစီးနင်းသည့် ကာလတစ်ခုလုံးအတွက် အာမခံပေးပါသည်။


အသိပေးပန်ကြားချက် -
ကတ်ထုတ်ပေးသည့်နိုင်ငံနှင့် ကတ်ထုတ်ပေးသည့်အဖွဲ့အစည်းများကွဲပြားကြသဖြင့် အသုံးပြုရာတွင် ကွာခြားချက် ရှိနိုင်ပါသည်။ သို့ဖြစ်ပါ၍ အသေးစိတ်သိရှိလိုပါက ကတ်ထုတ်ပေးသည့်ဘဏ်မှ သတ်မှတ်ထားသည့် အချက်များနှင့် စည်းကမ်းများကို လေ့လာဖတ်ရှုပါ။