ပြည်ပခရီးထွက်သည်ဖြစ်စေ၊ ကမ္ဘာ့ဒေသအသီးသီးရှိ အွန်လိုင်းစတိုးများမှ 
အွန်လိုင်းဈေးဝယ်သည်ဖြစ်စေ UnionPay Credit Card သည် သင်စိတ်ကူးယဉ် 
လိုလားသောရွေးချယ်မှုဖြစ်ပြီး သင့်အား စိတ်ကြိုက်ငွေသုံးစွဲနိုင်စေကာ 
ဦးစွာသုံးစွဲ၍ နောက်မှငွေပြန်ဆပ်နိုင်ပါသည်။ UnionPay ကွန်ရက်သည် သင့်အား 
အွန်လိုင်း၊ အော့ဖ်လိုင်းဈေးဝယ်မှု၏ အဆင်ပြေမှုကို ခံစားရစေပြီး 
ငွေသုံးစွဲသည်နှင့်တပြိုင်နက် အထူးခံစားခွင့်များကို ခံစားရစေကာ 
အပိုအံ့သြပျော်ရွှင်မှုများကိုလည်း ရရှိစေပါသည်။
 UnionPay premium 
credit card သည် အဖိုးတန်အခွင့်အရေးများနှင့် အာမခံချက်များစွာ 
ထောက်ပံ့ပေးနိုင်သဖြင့် သင်၏လုပ်ငန်းနှင့် နေထိုင်မှုဘဝအား 
ပိုမိုအားပေးထောက်ခံ၍ အဆင်ပြေချောမွေ့စေပါသည်။
ဈေးဝယ်ရာတွင် အဆင်ပြေချောမွေ့ခြင်း
UnionPay ကွန်ရက်သည် သင့်အား အွန်လိုင်း၊ အော့ဖ်လိုင်းဈေးဝယ်မှု၏ အဆင်ပြေချောမွေ့မှုကို ခံစားရစေသည်။
လုံခြုံမှုရှိသော၊ စိတ်ကျေနပ်ဖွယ်ကောင်းသော အရောင်းအဝယ်အတွေ့အကြုံ
UnionPay
 ကတ်တွင် ကမ္ဘာ့အဆင့်မီ တင်းကြပ်လျှို့ဝှက်သော လုံခြုံရေးထိန်းချုပ်မှု စနစ် 
ပိုင်ဆိုင်ထားသဖြင့် ခရီးထွက်နေစဉ် ငွေသားများစွာ သယ်ဆောင်ရခြင်းကြောင့် 
စိတ်ပူပန်ရန်မလိုအပ်တော့ပေ။ စကားဝှက်အပေးအယူကလည်း သင်၏ငွေပေးငွေယူခြင်း အား
 အာမခံချက်ပေးသဖြင့် မည်သည့်နေရာ၊ မည်သည့်အချိန်၌ဖြစ်စေ သင့်အား 
စိတ်ချလက်ချဈေးဝယ်ယူနိုင်စေသည်။
UnionPay ၏ ကမ္ဘာလုံးဆိုင်ရာဝန်ဆောင်မှု
UnionPay
Credit Card ကိုင်ဆောင်သူသည် ကတ်ဝန်ဆောင်မှုရေးရာကိစ္စရပ်များကို 
ဖြေရှင်းနိုင်ရန်အတွက် ၂၄ နာရီ ကမ္ဘာလုံးဆိုင်ရာဝန်ဆောင်မှု Hotline 
မှတစ်ဆင့် သက်ဆိုင်ရာအကူအညီများကို ရယူနိုင်သည်။
UnionPay ကတ် သီးသန့်ခံစားခွင့်
UnionPay
 ကတ်ကိုင်ဆောင်သူသည် ကတ်ထုတ်ပေးသည့်ဘဏ်အသီးသီး၏ ခံစားခွင့်များကို 
ခံစားနိုင်သည်သာမက UnionPay ၏ သီးသန့်ခံစားခွင့်ကိုလည်း ခံစားနိုင်သေးရာ 
တစ်နှစ်ပတ်လုံး ပျော်ရွှင်မှုများ အဆက်မပြတ်ခံစားရနိုင်ပါသည်။ 
တစ်ကမ္ဘာလုံး၌ဖြန့်ကြက်နေသော ကုန်သည်များမှပေးအပ်သည့် ခံစားခွင့်များကြောင့်
 လည်း သင့်အား ကတ်အသုံးပြု၍ ငွေကြေးသုံးစွဲနိုင်စေသည့်အပြင် အပိုအံ့သြ 
ပျော်ရွှင်မှုများလည်း ရရှိစေပါသည်။
UnionPay Platinum Card
 UnionPay
 Platinum Card သည် သင့်အား ယခင်ကမကြုံဖူးသော ဇိမ်ခံအတွေ့အကြုံနှင့် 
သီးသန့်ခံစားခွင့်အကျိုးကျေးဇူးများကို ဆောင်ကြဉ်းပေးလာပြီး သင့်အတွက် 
နေထိုင်မှုပုံစံသစ် စတင်ပေးလိုက်ပါသည်။ UnionPay Platinum Card ၏ အဆင့်မြင့်
 customer ဖြစ်သည့် UnionPay International သည် သင့်အတွက် 
သီးသန့်အရည်အသွေးမြင့် ကတ်အသုံးပြုမှုအတွေ့အကြုံများကို ဆောင်ကြဉ်းပေးလာပြီး
 ဥစ္စာဓနစီမံခန့်ခွဲမှုမှသည် ပြီးပြည့်စုံသောအာမခံချက်အထိ၊ 
ဇိမ်ခံခရီးသွားလာတည်းခိုခြင်း မှသည် အဆင့်မြင့်စွာစားသောက်၊ 
ဈေးဝယ်ခြင်းအထိ တစ်နှစ်ပတ်လုံး UnionPay ၏ သီးသန့် Platinum 
ဝန်ဆောင်မှုများပေးအပ်၍ သင့်အား ပျော်ရွှင်မှုများကို 
ပိုမိုကြုံတွေ့ခံစားရစေပါသည်။
UnionPay Diamond Card
ကမ္ဘာ့ထိပ်တန်းအဆင့်မြင့်ကတ်ဖြစ်သည့်
 UnionPay Diamond Card သည် သင့်အား မြင့်မြတ်သော အကျိုးခံစားမှုများကို 
သီးသန့်ပိုင်ဆိုင်နိုင်စေသည်။ သင်ခံစားနိုင်သော အကျိုးအမြတ်များမှာ 
ဥစ္စာဓနစီမံခန့်ခွဲခြင်း၊ တရုတ်ပြည်မကြီး၏ ထိပ်တန်းကျန်းမာရေး 
စောင့်ရှောက်မှုဝန်ဆောင်မှု၊ ကမ္ဘာလုံးဆိုင်ရာ လက်ရွေးစင်အထူးအခွင့်အရေး၊ 
အဆင့်မြင့်ကျောက်မျက်ရတနာ သီးသန့်ဖန်တီးပေးခြင်း စသည်တို့ပါဝင်သည်။ 
ထို့ပြင် သင့်အတွက် သီးသန့်စီမံထားသည့် သီးသန့်ကြိုဆိုရေးဝန်ဆောင်မှုကိုလည်း
 ရရှိနိုင်ပါသေးသည်။ UnionPay Diamond Card သည် သင်၏အကြိုက်နှင့် 
ခံစားချက်ကို မြှင့်တင်ပေးနိုင်ရန် ကြိုးပမ်းလျက်ရှိပြီး သင့်ဘဝအား 
ပိုမိုတောက်ပလာစေပါသည်။
 
                    
 ATM တည်နေရာ
ATM တည်နေရာ
						 ငွေလှဲနှုန်း စုံဆန်းရန်
 ငွေလှဲနှုန်း စုံဆန်းရန်
						 အထူးအသားပေးကမ်းလမ်းချက်များ
 အထူးအသားပေးကမ်းလမ်းချက်များ
						