IC Card

UnionPay IC ကတ်ဆိုသည်မှာ UnionPay IC ကတ်ကုမ္ပဏီစံနှုန်းနှင့်ကိုက်ညီသော (EMV စံနှုန်းနှင့် ကိုက်ညီသော) ငွေရေးကြေးရေးသုံး IC ကတ်ဖြစ်ပါသည်။ ၂၀၁၆ ခုနှစ် အောက်တိုဘာလအထိ တရုတ်နိုင်ငံ၌ ငွေရေးကြေးရေးသုံး IC ကတ် ထုတ်ပေးနှုန်းမှာ အရေအတွက် ၂ ဘီလီယံကျော်လွန်ခဲ့ပါသည်။

China UnionPay သည် EMVCo နိုင်ငံတကာအဖွဲ့အစည်းသို့ ဝင်ရောက်ပြီးဖြစ်ပြီး EMV စံနှုန်းနှင့် UICS စံနှုန်း လိုက်ဖက်ညီမှုအား ထပ်ဆင့်မြှင့်တင်ပေးရေးအပါအဝင် EMV နည်းပညာစံနှုန်းအား ကမ္ဘာလုံးဆိုင်ရာ လုံခြုံစွာအပြန်အလှန်ဆက်သွယ်နိုင်မှုနှင့် ငွေပေးချေရေး အပလီကေးရှင်းများ၌ အသုံးချနိုင်ရန် ပါဝင်တွန်းအားပေးလျက်ရှိသည်။
တရုတ်ပြည်တွင်းမှဘဏ်များ IC ကတ်ထုတ်ပေးသည့်အမြန်နှုန်းနှင့် လိုက်ဖက်ညီရန် အတွက် UnionPay International သည် ပင်လယ်ရပ်ခြားကွန်ရက်၏ Chip ရွှေ့ပြောင်းမှုလုပ်ငန်းကို တိုးမြှင့်ဖော်ဆောင်လျက်ရှိရာ UnionPay IC ကတ်များကို တစ်ကမ္ဘာလုံးရှိ UnionPay သုံးစွဲနိုင်သောစက်အများစု၌ သုံးစွဲနိုင်ပြီဖြစ်ပါသည်။
*IC ကတ်ကို Wafer ကတ်ဟုလည်း ခေါ်နိုင်သည်။

အမြန်ငွေပေးချေခြင်း (Quick Pass)
      အမြန်ငွေပေးချေခြင်း (Quick Pass) သည် UnionPay မှထုတ်ပေးသည့် ချိတ်ဆက်ရန်မလိုဘဲငွေပေးချေနိုင်သော စွမ်းဆောင်ရည်ပါရှိသည့် ဆန်းသစ်တီထွင်မှု ပစ္စည်း ဖြစ်သည်။ ကတ်ကိုင်ဆောင်သူသည် “Quick Pass” ကတ်အား ချိတ်ဆက်ရန်မလိုအပ်သည့် စက်၏အာရုံခံခွဲခြားသည့်နေရာတွင် ထိတွေ့လိုက်ရုံဖြင့် ငွေပေးချေနိုင်ပါသည်။ သမရိုးကျ magnetic stripe card သို့မဟုတ် IC Card နှင့်နှိုင်းယှဉ်လျှင် Quick Pass ၏ ချိတ်ဆက်ရန်မလိုအပ်သည့်၊ မြန်ဆန်စွာငွေပေးငွေယူပြုလုပ်နိုင်သည့် ထူးခြားချက်များကြောင့် ၎င်းကတ်အား စူပါမားကတ်၊ စတိုးဆိုင်၊ အများပြည်သူသုံးသယ်ယူပို့ဆောင်ရေး၊ စားသောက်ဆိုင်၊ အီလက်ထရောနစ်လက်မှတ် စသည့်နယ်ပယ်များ၌ တွင်တွင်ကျယ်ကျယ်အသုံးပြုနေကြပြီ ဖြစ်သည်။ ထိုသို့ဖြင့် အဆိုပါကတ်ကိုင်ဆောင်သူများသည် ရှုပ်ထွေးသော ငွေပေးချေရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ရန်မလိုအပ်တော့သည်သာမက ကုန်သည်များ၏ ငွေသိမ်းဝန်ထမ်းများကိုလည်း အချိန်ကုန်သက်သာစေကာ ငွေရှင်းခြင်းနှင့် ဂိတ်ဖြတ်သန်းနှုန်းအား ပိုမိုမြန်ဆန်စေပါသည်။