ပြည်ပ ATM စက်ကွန်ယက်
နအေိမျ>အကူအညီပေးအပ်ရေးစင်တာ>ကတ်သုံးစွဲရာ၌ သိရှိထားရမည့်အချက်များ>ပြည်ပ ATM စက်ကွန်ယက်

ATM စက်ကွန်ယက်ကို ဟောင်ကောင်၊ မကာအို၊ ဂျပန်၊ ကိုးရီးယား၊ စင်္ကာပူ၊ မလေးရှား၊ ယိုးဒယား၊ သြစတြေးလျ၊ နယူးဇီလန်၊ အမေရိကန်၊ ပြင်သစ်၊ ဂျာမဏီ၊ အင်္ဂလန်၊ ဆွစ်ဇာလန် စသည့် တရုတ်လူမျိုးများ အမြဲသွားလာကျနိုင်ငံနှင့် ဒေသများသို့ တိုးချဲ့ဖွင့်ထားပါသည်။ UnionPay ဘဏ်ကဒ်ကိုင်ဆောင်ပြီး ဒေသခံ ATM စက်များတွင် ဒေသခံငွေကြေး ထုတ်ယူ နိုင်သည်။ (အချို့ဒေသများတွင် လက်ကျန်ငွေစစ်ဆေခြင်း ပြုလုပ်နိုင်သည်။ ဒေသခံငွေကြေး ဖြင့် ဖော်ပြသည်။) လူကြီးမင်းထုတ်ယူထားသည့် ဒေသခံ ငွေကြေးပမာဏကို ဈေးကွက် ငွေလဲလှယ်နှုန်းအရ တရုတ်ငွေပမာဏသို့ တစ်ခါတည်း ပြောင်းလဲပေးသည်။ ထို့အပြင် ကဒ်ထုတ်ပေးထားသည့်ဘဏ်မှ လူကြီးမင်း၏ တရုတ်ငွေအကောင့်သို့ ချက်ချင်းမှတ်ထားပေး သည်။


UnionPay ကဒ်ဖြင့် ငွေထုတ်ယူနိုင်သည့် နိုင်ငံနှင့်ဒေသများ-

ပြည်ပတွင် UnionPay ကဒ် လက်ခံသည့် ATM များကို အောက်ပါနိုင်ငံနှင့် ဒေသများတွင် အဓိက ဖြန့်ကျက်တပ်ဆင်ထားသည်။

 

အာရှတိုက်- ဟောင်ကောင်၊ မကာအို၊ ထိုင်ဝမ်ဒေသ၊ ဂျပန်၊ ကိုးရီးယား၊ စင်္ကာပူ၊ မလေးရှား၊ ယိုးဒယား၊ ဖိလစ်ပိုင်၊ ဗီယမ်နမ်၊ ကမ္ဘောဒီးယား၊ ကာဇက်စတန်၊ မွန်ဂိုးလီးယား၊ အင်ဒိုနီးရှား၊ ဘာရိန်း၊ ဘရူနိုင်း၊ မော်ဒိုက်၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့၊ အာရပ်စော်ဘွားများ ပြည်ထောင်စု၊ အာဖဂန်နစ္စတန်၊ ယော်ဒန်၊ လက်ဘနွန်၊ ယီမင်၊ အီရတ် စသည့်များ။

 

ဥရောပ- ပြင်သစ်၊ ဂျာမဏီ၊ အင်္ဂလန်၊ အီတလီ၊ စပိန်၊ ပေါ်တူဂီ၊ လူဇင်ဘတ်၊ ဘယ်လ်ဂျီယံ၊ ဆွစ်ဇာလန်၊ သြစတြီယား၊ တူရကီ၊ ရုရှား၊ မိုနာကို၊ ဆန်မာရီနို၊ ဂရိ၊ ဟန်ဂေရီ၊ ပိုလန်၊ ဗြိတိန်ဂါဇီး၊ ဗြိတိန်ဂျာစီ၊ ဗြိတိန် Isle of Man ၊ ဗြိတိန်ဂျီဘရောလ် စသည်များ။

 

Oceania - သြစတြေးလျ၊ နယူးဇီလန်၊ ဂူအမ်ကျွန်း၊ ဆိုင်းပန် စသည်များ။

 

အမေရိကတိုက်- အမေရိကန်၊ ကနေဒါ၊ မက္ကစီကို၊ ဘရာဇီး၊ ဗင်နီဇွဲလား၊ အာဂျင်တီးနား၊ ကိုလံဘီယာ၊ ဥရုဂွေး၊ ပြင်သစ်မာတီနစ်ကျွန်း စသည်များ။

 

အာဖရိကတိုက်- တောင်အာဖရိက၊ အီဂျစ်၊ ဂျီဘူတီနိုင်ငံ၊ ကွန်ဂို (DRC) ၊ ကင်ညာ၊ ယူဂန်ဒါ၊ ဘော့ဆွာနာ၊ ဇမ်ဘီယာ၊ မော်ရေးရှပ်၊ ဂမ်ဘီယာ၊ ဂါနာ၊ မာလီ၊ ဘီနင်၊ ဆီနီဂေါ၊ နိုင်ဂျာ၊ တိုဂို၊ အိုင်ဗရီကို့စ် စသည်များ။


UnionPay ကဒ်သုံး ပြည်ပ ATM စက် တည်နေရာ ရှာဖွေရေး

ATM အချက်အလက် စုံစမ်းမေးမြန်းချက် >> ကို နှိပ်ပါ။


UnionPay ကဒ် လက်ခံသည့် ATM စက်ဖြစ်ကြောင်း မည်သို့ခွဲခြားရမည်နည်း။

ပြည်ပတွင် လိုဂို ပါသည့် ATM စက်များအားလုံးတွင် UnionPay ကဒ်ဖြင့် ငွေထုတ်ယူနိုင်သည်။ အချို့နိုင်ငံများ၏ လုပ်ရိုးလုပ်စဉ်အရ UnionPay လိုဂို ကို ATM စက်၏ မျက်နှာပြင်ပေါ်တွင်သာ ပြသာပေးနိုင်သည့်အတွက် လူကြီးမင်းမှ သတိထားကြည့်ရန် တောင်းဆိုပါရစေ။ အချို့ ATM စက်များတွင် " UnionPay " လိုဂို ကပ်ထားခြင်းမရှိပါ။ လူကြီးမင်းမှ ATM စက်ပေါ်ရှိ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ၏ လိုဂို ဖြင့် UnionPay ကဒ် အသုံးပြု၍ ရမရ အတည်ပြုပါ။ ကဒ်ကိုင်ဆောင်သူသည် "ကမ္ဘာတစ်ဝန်းရှိ UnionPay ကဒ်" ကိုနှိပ်ပြီး သက်ဆိုင်ရာ နိုင်ငံရွေးချယ်ပြီး ဒေသခံဘဏ်လိုဂို ကိုစုံစမ်းမေးမြန်းနိုင်သည်။


ပြည်ပ၌ UnionPay ကဒ် အသုံးပြုပြီး ATM စက်ကွန်ယက်တွင် ငွေထုတ်ယူနိုင်သည့် ဘဏ်ကဒ်အမျိုးအစားများ-

ငွေရေးကြေးရေးအဖွဲ့အစည်း အသီးသီးမှ ထုတ်ပေးထားသည့် UnionPay လိုဂို  သို့မဟုတ်  ပါသည့် ဘဏ်ကဒ် ( ကျွနုပ်တို့ ပုံမှန်သုံးနေကျ လစာကဒ်၊ debit ကဒ်၊ ငွေကြေးစီမံကဒ်၊ credit ကဒ်များ ပါဝင်သည်။)

သတိ- လိုဂိုနှစ်ခုပါကဒ်များကို အချို့နိုင်ငံများ၊ အချို့ ATM စက်များတွင် ငွေထုတ်ယူရာတွင် UnionPay ကွန်ယက် အသုံးပြုနိုင်ခြင်း မရှိပါ။)


ATM စက်ပြုလုပ်ပုံနှင့် အများဆုံးထုတ်ယူနိုင်သည့်ငွေပမာဏ

အောက်ပါနိုင်ငံများနှင့် ဒေသများရှိ UnionPay ATM စက်များတွင် လုပ်ဆောင်ရန် လွယ်ကူ သည့် တရုတ်ဘာသာစကားဖြင့် ထောက်ပံ့ပေးထားသည်။

ဟောင်ကောင်၊ မကာအို၊ ဂျပန် ( အချို့ ATM စက် )၊ ကိုးရီးယား၊ စင်္ကာပူ၊ မလေးရှား၊ ယိုးဒယား၊ ရုရှား၊ ကာဇက်စတန်၊ ဗီယမ်နမ်၊ ကမ္ဘောဒီးယား၊ တူရကီ၊ အမေရိကန်၊ ပြင်သစ် (အချို့) ၊ Citi ATM ( အချို့နိုင်ငံများတွင်) စသည်များ။

အချို့နိုင်ငံနှင့် ဒေသများရှိ ATM စက် ငွေထုတ်ယူမှုလုပ်ဆောင်ချက်နှင့် ပြည်တွင်း၏ လုပ်ဆောင်ပုံအဆင့် မတူညီပါ။ အရင်ဦးစွာ ကဒ်ပြန်ထုတ်ပေးပြီးမှ ငွေထွက်လာသည်။ သတိထားရန် လေးစားစွာ တောင်းဆိုပါရစေ။

 

နိုင်ငံတော် နိုင်ငံခြားငွေ စီမံခန့်ခွဲရေးဌာန၏ သက်ဆိုင်ရာ သတ်မှတ်ချက်အရ တရုတ် ပြည်တွင်း၌ ထုတ်ပေးထားသည့် UnionPay ကဒ်ဖြင့် ပြည်ပ၌ လက်ငင်းငွေသား ထုတ်ယူရာတွင် လက်ရှိကဒ်အသီးသီးများ တစ်ရက်လျှင် တရုတ်ငွေ ယွမ် ၁သောင်း ထက် မများရသည့် သတ်မှတ်ချက်အပြင် နှစ်စဉ် ပမာဏကန့်သတ်ခြင်းကို ထပ်တိုး သတ်မှတ် ထားပါသည်။ အသေးစိတ်အခြေအနေသိလိုလျှင် နှိပ်ပါ။ credit ကဒ်များသည် အကြွေး ပမာဏစသည့် အကြောင်းအရင်းများကြောင့် ကဒ်ထုတ်ပေးသည့်ဘဏ်များသည် ပမာဏကန့်သတ်ခြင်းကို သီးသန့်လုပ်ဆောင်ကြတတ်သည်။ ကဒ်ကိုင်ဆောင်သူများမှ ကဒ်ထုတ်ပေးသည့်ဘဏ်ထံ စုံစမ်းမေးမြန်းနိုင်သည်။ ပြည်ပရှိ နိုင်ငံနှင့် ဒေသအသီးသီးတို့ သည် ATM တစ်ကြိမ်ထုတ်ယူနိုင်သည့် ပမာဏကန့်သတ်ထားခြင်းမှာလည်း မတူညီကြပါ။ အပြည့်အစုံမှာ ဒေသခံစက်ပစ္စည်း ဖော်ပြချက်အတိုင်းဖြစ်သည်။


ATM စက် ငွေထုတ်ယူခြင်းနှင့် စုံစမ်းမေးမြန်းခြင်း အတွက် အခကြေးငွေကောက်ခံချက်

UnionPay ကဒ် ငွေထုတ်ယူခြင်း သို့မဟုတ် စုံစမ်းမေးမြန်းခြင်းအတွက် အခကြေးငွေကို ကဒ်ထုတ်ပေးသည့် ဘဏ်အသီးသီးထံသို့ စုံစမ်းမေးမြန်းပါ။

သိကောင်းစရာများ- credit ကဒ်ဖြင့် ငွေထုတ်ယူရာတွင် စာရင်းပိုထုတ်ချေးငွေ(overdraft) အတိုး ပေးရန် လိုသည့်အတွက် ကဒ်ကိုင်ဆောင်သူများကို ပြည်ပ၌ ငွေထုတ်ယူရာတွင် UnionPay debit ကဒ် အသုံးပြုရန် အကြံပြုလိုပါသည်။


ATM အပိုဆောင်း အခကြေးငွေ

ငွေထုတ်ယူခြင်း သို့မဟုတ် စုံစမ်းမေးမြန်းခြင်း အတွက် အခကြေးငွေအပြင် အချို့နိုင်ငံများရှိ အချို့ ATM စက် လုပ်ဆောင်မှု အေဂျင်စီသည် ကဒ်ကိုင်ဆောင်သူထံ အပိုဆောင်း အခကြေးငွေ ပမာဏ အနည်းငယ် ထပ်မံကောက်ခံသေးသည်။ အမှန်တကယ် ကောက်ခံ သည့် အခြေအနေမှာ ဒေသခံ ATM စက် မျက်နှာပြင်တွင် ဖော်ပြသည့် အချက်အလက် အတိုင်းဖြစ်သည်။ သို့မဟုတ် 95516 ၀န်ဆောင်မှုဌာနသို့ စုံစမ်းမေးမြန်း နိုင်ပါသည်။ 


ပြည်ပတွင် အသုံးပြုသည့် UnionPay ကဒ်များသည် UnionPay ကွန်ယက် အသုံးပြုပြီး သုံးစွဲခြင်း သို့မဟုတ် ငွေထုတ်ယူခြင်းတို့မှ ရရှိသည့် အားသာချက်များ

လုံခြုံခြင်း

ငွေပမာဏအမြောက်အများ သယ်ဆောင်ရန်မလိုပါ။ မိမိနှင့် လက်ငင်းငွေလုံခြုံမှု အတွက် ကာကွယ်စောင့်ရှောက်ပေးသည်။

 password မှန်ကန်ကြောင်း အတည်ပြု အထောက်အထား ပြသခြင်း၊ လုပ်ဆောင်ချက်နှင့် အကောင့်လုံခြုံရေးအတွက် ကာကွယ်စောင့်ရှောက်ပေးသည်။
ရရှိနိုင်သည့် အကျိုးများ

ငွေကြေးလဲလှယ်ခြင်း ကုန်ကျစရိတ် မရှိပါ။

နိုင်ငံခြားငွေ ထုတ်ယူပြီး တရုတ်ငွေဖြင့် စာရင်းနုတ်ယူသည်။ အကြိမ်ကြိမ် လဲလှယ်ခြင်းမှ ဆုံးရှုံးမှု မဖြစ်စေပါ။

ATM ငွေထုတ်ယူမှု အခကြေးငွေ အလွန်နည်းပါးသည်။

အဆင်ပြေခြင်း

တရုတ်ငွေ ရှင်းလင်းတွက်ချက်ရာတွင် ပြန်ဆပ်ရန်အတွက် နိုင်ငံခြားငွေ ၀ယ်ယူရန် မလိုပါ။

ကဒ်အသစ်လုပ်ဆောင်ရန် မလိုပါ။ ပြည်တွင်း၌ နေ့စဉ်အသုံးပြုနေသော UnionPay လိုဂို ပါသည့် ဘဏ်ကဒ်များအားလုံးနီးပါး ပြည်ပတွင် အသုံးပြုနိုင်သည်။

တရုတ်ဘာသာဖြင့် ဖောက်သည်ဝန်ဆောင်မှုဖုန်း ခံစားရရှိနိုင်ပါသည်။ အချို့နိုင်ငံများတွင် လွယ်ကူသော လုပ်ဆောင်ရန် လွယ်ကူသော ATM စက် တရုတ်ဘာသာ မျက်နှာပြင် ပါရှိသည်။