UnionPay ကတ် အရေးပေါ်အကူအညီ ဝန်ဆောင်မှု
နအေိမျ>ဝန်ဆောင်မှုနှင့် ကုန်ပစ္စည်း>UnionPay ကတ် အရေးပေါ်အကူအညီ ဝန်ဆောင်မှု

လက်ရှိတွင် UnionPay အရေးပေါ်ငွေသားဝန်ဆောင်မှုကွန်ရက်သည် နိုင်ငံနှင့် ဒေသပေါင်း ၁၉၀ ရှိ Assist Card ၄ သိန်းကျော်နှင့် ဒေသပေါင်း ၂၀ ရှိ ဒေသခံပူးပေါင်းမိတ်ဖက်ဘဏ်ခွဲများအား လွှမ်းခြုံလျက်ရှိပါသည်။ တရုတ် ဟောင်ကောင်၊ မကာအိုနှင့် ထိုင်ဝမ်၊ ဂျပန်၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ ရုရှား၊ အီတလီ၊ လူဇင်ဘတ်၊ အမေရိကန်၊ ကနေဒါနှင့် သြစတြေးလျ စသည့် နိုင်ငံနှင့် ဒေသ ၂၀ ရှိ သတ်မှတ်ထားသောဘဏ်များ၌ အရေးပေါ်ငွေသားဝန်ဆောင်မှု ရယူနိုင်ပါသည်။ တရုတ်ပြည်မကြီးမှ မြို့ပြ ၁၂၄ ခုရှိ ဌာန ၁ သောင်းကျော်မှလည်း အဆိုပါဝန်ဆောင်မှုအား ပေးအပ်လျက်ရှိပါသည်။


အဆိုပါဝန်ဆောင်မှုကို ၂၀၁၁ ခုနှစ် စက်တင်ဘာလမှစတင်၍ ပေးအပ်ခြင်းဖြစ်ပြီး ဝန်ဆောင်မှုအား ကတ်ထုတ်ပေးသည့်ဘဏ်မှ အာဏာလွှဲအပ်ပါသည်။

အရေးပေါ်ငွေသားဝန်ဆောင်မှုလျှောက်ထားရန် လုပ်ငန်းစဉ်များမှာ -
၁။ ကတ်ကိုင်ဆောင်သူသည် ကတ်ထုတ်ပေးသည့်ဘဏ်၏ customer ဝန်ဆောင်မှု hotline သို့မဟုတ် UnionPay customer ဝန်ဆောင်မှု hotline အားဆက်သွယ်၍ အဆိုပါဝန်ဆောင်မှုကို လျှောက်ထားနိုင်ပါသည်။
၂။ ကတ်ထုတ်ပေးသည့်ဘဏ်မှ ကတ်ကိုင်ဆောင်သူ၏ ကိုယ်ရေးအချက်အလက် များအား အတည်ပြုစစ်ဆေး၍ ဝန်ဆောင်မှုအတွက် လိုအပ်သည့်အချက်အလက်များကို တပြိုင်နက်တည်း စုဆောင်းရမည်။
၃။ ကတ်ထုတ်ပေးသည့်ဘဏ်သည် ဝန်ဆောင်မှုပေးအပ်သည့်အကြောင်းအရာ များနှင့် ဝန်ဆောင်မှုပေးအပ်သောဌာနများ၏လိပ်စာအား ကတ်ကိုင်ဆောင်သူထံ အတည်ပြုရမည်။
၎။ ကတ်ကိုင်ဆောင်သူသည် အတည်ပြုထားပြီးသော ဝန်ဆောင်မှုအကြောင်းအရာ အတိုင်း ဝန်ဆောင်မှုပေးအပ်သောဌာနသို့သွားရောက်၍ အရေးပေါ်ငွေသား ထုတ်ယူနိုင် သည်။
၅။ ကတ်ကိုင်ဆောင်သူသည် ကိစ္စပြီးစီးပြီးနောက် ရယူထားသော အရေးပေါ်ငွေသားအား ပြန်လည်ပေးဆပ်၍ ဝန်ဆောင်ခပေးချေရမည်။



ကလစ်နှိပ်၍ ကြည့်ရှုပါ

UnionPay အရေးပေါ်ငွေသားထုတ်ပေးသည့် နိုင်ငံနှင့် ဒေသများ ဇယား


အရေးပေါ်ကတ်အစားထိုးဝန်ဆောင်မှု


အရေးပေါ်ကတ်အစားထိုးဝန်ဆောင်မှုသည် တရုတ်ပြည်မကြီးပြင်ပမှထုတ်ပေးသည့် UnionPay ကတ် (62 နှင့်စသော ကတ်နံပါတ်များ) ကိုင်ဆောင်သူများကို ဦးတည်ပြီး ကတ်ကိုင်ဆောင်သူမှ ခရီးသွားလာနေစဉ်အတွင်း ကတ်ပျောက်ဆုံးခြင်း၊ အခိုးခံရခြင်း သို့မဟုတ် ကတ်အသုံးပြု၍ မရတော့ခြင်းတို့အတွက် အရေးပေါ်ကတ်အစားထိုးပေးသည့် ဝန်ဆောင်မှုဖြစ်ပါသည်။


      

အဆိုပါဝန်ဆောင်မှုအား လျှောက်ထားရလွယ်ကူပါသည်။ ကတ်ကိုင်ဆောင်သူသည် ကတ်ထုတ်ပေးသည့်ဘဏ်၏ customer ဝန်ဆောင်မှု hotline သို့မဟုတ် UnionPay customer ဝန်ဆောင်မှု hotline အားဆက်သွယ်၍ လျှောက်ထားနိုင်ပါသည်။ အစားထိုးပေးသည့်ကတ်အား နိုင်ငံတကာအမြန်ချောပို့ဖြင့် ကတ်ကိုင်ဆောင်သူ သတ်မှတ်ပေးသောနေရာသို့ ပို့ဆောင်ပေးပါသည်။ အရေးပေါ်ကတ်အစားထိုးဝန်ဆောင်မှု အား အမြန်ဆုံးအနေနှင့် နေ့ချင်းပြီးဆောင်ရွက်နိုင်ပါသည်။ (ကတ်ထုတ်ပေးသည့်ဘဏ်၏ အခွင့်အာဏာနှင့် ကတ်ကိုင်ဆောင်သူတည်ရှိရာဒေသ၏ လက်တွေ့အခြေအနေပေါ် မူတည်ပါသည်။)



 UnionPay ကတ် အရေးပေါ်ကတ်အစားထိုးဝန်ဆောင်မှု၌ အမြန်ချောပို့ဖြင့် ကတ်ပို့ဆောင်ပေးပြီး တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် လွှမ်းခြုံပါသည်။


 အဆိုပါဝန်ဆောင်မှုကို ၂၀၁၆ ခုနှစ် ဇွန်လမှစတင်၍ ပေးအပ်ခြင်းဖြစ်ပြီး ဝန်ဆောင်မှုအား ကတ်ထုတ်ပေးသည့်ဘဏ်မှ အာဏာလွှဲအပ်ပါသည်။




အရေးပေါ်ကတ်အစားထိုးဝန်ဆောင်မှုလျှောက်ထားရန် လုပ်ငန်းစဉ်များမှာ -
 ၁။ ကတ်ကိုင်ဆောင်သူသည် ကတ်ထုတ်ပေးသည့်ဘဏ်၏ customer ဝန်ဆောင်မှု hotline သို့မဟုတ် UnionPay customer ဝန်ဆောင်မှု hotline အားဆက်သွယ်၍ အဆိုပါဝန်ဆောင်မှုကို လျှောက်ထားနိုင်ပါသည်။
၂။ ကတ်ထုတ်ပေးသည့်ဘဏ်မှ ကတ်ကိုင်ဆောင်သူ၏ ကိုယ်ရေးအချက်အလက် များအား အတည်ပြုစစ်ဆေး၍ ဝန်ဆောင်မှုအတွက် လိုအပ်သည့်အချက်အလက်များကို တပြိုင်နက်တည်း စုဆောင်းရမည်။
၃။ ကတ်ထုတ်ပေးသည့်ဘဏ်သည် ကတ်ပို့ဆောင်ခြင်းနှင့်စပ်လျဉ်းသည့် အချက်အလက်များအား ကတ်ကိုင်ဆောင်သူထံ အတည်ပြုရမည်။
၎။ ကတ်ကိုင်ဆောင်သူသည် အပြည်ပြည်ဆိုင်ရာအမြန်ချောပို့ဖြင့် ပို့ဆောင်လာသော အစားထိုးကတ်အား လက်မှတ်ရေးထိုးလက်ခံရမည်။
၅။ ကတ်ကိုင်ဆောင်သူသည် ကိစ္စပြီးစီးပြီးနောက် ကျသင့်သည့်ဝန်ဆောင်ခများကို ပေးချေရမည်။