Home>ဝန်ဆောင်မှုနှင့် ကုန်ပစ္စည်းများ>Theme Card>တရုတ်နိုင်ငံ ခရီးသွားကတ်
တရုတ်နိုင်ငံခရီးသွားကတ်
UnionPay တရုတ်နိုင်ငံခရီးသွားကတ်သည် တရုတ်ပြည်မကြီးသို့ လာရောက်လည်ပတ် ကြသည့် ကမ္ဘာ့နိုင်ငံအသီးသီးမှ ခရီးသွားဧည့်သည်များအတွက် ဖန်တီးထားသော ခရီးသွားလုပ်ငန်းအမျိုးအစား ငွေပေးချေရေးကတ် ဖြစ်ပါသည်။ အဆိုပါကတ်သည် တရုတ်ပြည်မကြီး၏ ခရီးသွားအရင်းအမြစ်ကို အထူးအခြေခံ၍ ကတ်ကိုင်ဆောင်သူအတွက် သီးသန့်အခွင့်အရေးများ ဖန်တီးပေးထားရာ တရုတ်ပြည်မကြီးအတွင်းရှိ ထူးခြားချက် ဝိသေသများစွာပိုင်ဆိုင်သော ခရီးသွားရှုခင်းသာနေရာများစွာ၏ ဝင်ကြေးလျှော့ဈေးနှင့် များပြားလှသော တည်းခိုရေး၊ စားရေးသောက်ရေး၊ ဖျော်ဖြေရေး၊ ဈေးဝယ်ရေး စသည့်ငွေကြးသုံးစွဲသည့်နေရာများ၌ လျှော့ဈေးခံစားခွင့်များ ပေးအပ်ထားပါသည်။ ထို့ပြင် ခရီးသွားသူများအတွက် ခရီးသွားအသုံးစရိတ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်၊ ခရီးသွားဝန်ဆောင်မှုအဆင့်အတန်း မြှင့်တင်နိုင်ရန်နှင့် စားသုံးသူများအတွက် လုံခြုံသော၊ လွယ်ကူချောမွေ့သော၊ အထူးခံစားခွင့်များရရှိနိုင်သော ငွေပေးချေမှုကို ဖန်တီးပေးနိုင်ရန်အတွက် ကတ်ထုတ်ပေးသည့်ဘဏ်၏ တစ်ဦးချင်းလိုအပ်ချက်နှင့်အညီ ခရီးသွားလာစဉ်အတွင်းလိုအပ်သည့် အာမခံ၊ အကူအညီ၊ အဆင်ပြေချောမွေ့ရေး စသည့်ဝန်ဆောင်မှုအသီးသီးကိုလည်း ထပ်မံဖြည့်တင်းပေးထားပါသည်။