ကတ်အသုံးပြုခြင်းအကြောင်း သိကောင်းစရာများ
နအေိမျ>အကူအညီပေးအပ်ရေးစင်တာ>ကတ်သုံးစွဲရာ၌ သိရှိထားရမည့်အချက်များ>ကတ်အသုံးပြုခြင်းအကြောင်း သိကောင်းစရာများ



UnionPay ကတ်နှင့် UnionPay ပင်လယ်ရပ်ခြားကွန်ရက်က သင့်အား လွယ်ကူအဆင်ပြေသော၊ လက်တွေ့ကောင်းကျိုးရရှိသော၊ လုံခြုံမှုရှိသော ပင်လယ်ရပ်ခြား ငွေပေးချေရေးဝန်ဆောင်မှု ပေးအပ်ပါသည်။ UnionPay အမှတ်တံဆိပ်ပါဘဏ်ကတ်အား UnionPay ပင်လယ်ရပ်ခြားရှိ အထူးချိတ်ဆက်ထားသော ကုန်သည်များနှင့် ATM စက်အားလုံးနီးပါး၌ အသုံးပြုနိုင်ပါသည်။


ပင်လယ်ရပ်ခြား၌ UnionPay ကတ်အသုံးပြု၍ UnionPay ကွန်ရက်မှတစ်ဆင့် ငွေကြေးသုံးစွဲခြင်း သို့မဟုတ် ATM စက်မှ ငွေထုတ်ခြင်း၏ အားသာချက်သုံးခု

လက်တွေ့ကောင်းကျိုးရရှိခြင်း
- ငွေကြေးလဲလှယ်သည့်အခကြေးငွေ ကုန်ကျရန်မလိုအပ်ခြင်း
- နိုင်ငံခြားငွေကြေးဖြင့် ကတ်ငွေသုံးစွဲနိုင်ကာ တရုတ်ယွမ်ငွေဖြင့် ငွေစာရင်းမှ နှုတ်ယူသဖြင့် အကြိမ်ကြိမ်ငွေကြေးလဲလှယ်ရခြင်းကြောင့် နစ်နာဆုံးရှုံးမှုကို ရှောင်ရှားနိုင်ခြင်း
- ATM စက်မှ ငွေထုတ်ရာတွင် ဝန်ဆောင်ခနည်းပါးခြင်း
- UnionPay ၏ အထူးခံစားခွင့်အစီအစဉ်များကို ခံစားခွင့်ရရှိခြင်း

လွယ်ကူအဆင်ပြေခြင်း
- တရုတ်ယွမ်ငွေဖြင့် ငွေတွက်ချက်စာရင်းရှင်းနိုင်သည့်အတွက် နိုင်ငံခြားငွေ လဲလှယ်၍ ပေးဆပ်ရန်မလိုအပ်တော့ခြင်း
- ကတ်အသစ်ပြုလုပ်ရန်မလိုအပ်ဘဲ ပြည်တွင်း၌ပုံမှန်အသုံးပြုနေသည့် UnionPay အမှတ်တံဆိပ်ပါဘဏ်ကတ်ဖြင့်ပင် ပြည်ပ၌အသုံးပြုနိုင်ခြင်း
- တရုတ်ဘာသာစကားဖြင့် Customer ဝန်ဆောင်မှုဖုန်းနံပါတ်ကိုခေါ်ဆိုနိုင်ပြီး နိုင်ငံအချို့ရှိ ATM ၌ လုပ်ဆောင်ရလွယ်ကူရန် တရုတ်ဘာသာစကားရွေးချယ် အသုံးပြုနိုင်ခြင်း

လုံခြုံမှုရှိခြင်း

- ငွေသားအမြောက်အမြားသယ်ဆောင်သွားရန် မလိုအပ်တော့သဖြင့် အသက် စည်းစိမ် လုံခြုံမှုအတွက် အာမခံချက်ရှိခြင်း
- စကားဝှက်ပို့ပေး၍ အတည်ပြုနိုင်သဖြင့် ငွေပေးငွေယူနှင့် ဘဏ်စာရင်းလုံခြုံရေး အတွက် အာမခံချက်ရှိခြင်း

အထူးသတိပေးချက် -
Credit card နှင့်နှိုင်းယှဉ်လျှင် ပြည်ပ၌ UnionPay debit card အသုံးပြုခြင်းသည် ATM စက်မှ ငွေထုတ်ယူသည့်ဝန်ဆောင်ခ ပိုမိုနည်းပါးပါသည်။ ကတ်ဖြင့်ငွေသုံးစွဲရာတွင် credit limit ကန့်သတ်မခံရဘဲ ဘဏ်စာရင်းရှိလက်ကျန်ငွေပေါ်၌သာ မူတည်သဖြင့် ပမာဏများပြားစွာသုံးစွဲရန်အတွက် ပိုမိုသင့်တော်ပါသည်။
နိုင်ငံတော်နိုင်ငံခြားငွေကြေးစီမံခန့်ခွဲရေးဦးစီးဌာန၏ သက်ဆိုင်ရာတောင်းဆိုချက်အရ တရုတ်ပြည်တွင်း၌ထုတ်ပေးသည့် UnionPay ဖြင့် ပင်လယ်ရပ်ခြား၌ ငွေသား ထုတ်ယူရာတွင် လက်ရှိကျင့်သုံးနေသည့် ကတ်တစ်ကတ်၏ တစ်နေ့ထုတ်ယူသည့်ပမာဏ မှာ တရုတ်ယွမ်ငွေ ၁ သောင်းနှင့်ညီမျှသောတန်ဖိုး မကျော်ရဟူသော သတ်မှတ်ချက်အပြင် နှစ်အလိုက် ကန့်သတ်ပမာဏကိုလည်း တိုးမြှင့်သတ်မှတ်ထားပါသည်။ အသေးစိတ်အား ကလစ်နှိပ်၍ကြည့်ရှုပါ။ Credit card ၏ credit limit စသဖြင့် အကြောင်းရင်းများကြောင့် ကတ်ထုတ်ပေးသည့်ဘဏ်သည် ကန့်သတ်ပမာဏအား သီးသန့်သတ်မှတ်နိုင်ပါသဖြင့် ကတ်ကိုင်ဆောင်သူသည် ကတ်ထုတ်ပေးသည့်ဘဏ် ထံတွင် စုံစမ်းမေးမြန်းနိုင်ပါသည်။ ပင်လယ်ရပ်ခြားရှိ နိုင်ငံနှင့်ဒေသအသီးသီး၏ ATM စက်၌ တစ်ကြိမ်ငွေထုတ်ရန်အတွက် သတ်မှတ်ငွေပမာဏများမှာလည်း တစ်ခုနှင့်တစ်ခု မတူကြသဖြင့် ဒေသခံ ATM စက်များ၌ဖော်ပြချက်သည်သာ အတည်ဖြစ်ပါသည်။
၂၀၀၉ ခုနှစ်တွင် UnionPay သည် UK ATM တစ်ဆင့်ခံကွန်ရက် LINK နှင့် ပူးပေါင်းဆောင်ရွက်၍ UnionPay ကတ်အား ဒေသခံ ATM အားလုံး၌ သုံးစွဲနိုင်ရန် ဆောင်ရွက်နိုင်ခဲ့သည်။ မကြာသေးမီကာလက ဗြိတိန်၏ စောင့်ကြပ်သတ်မှတ်ချက်အရ ကွန်ရက်အဖွဲ့အစည်း (LINK Scheme) နှင့် လုပ်ငန်းဆောင်ရွက်သူ (VocalLink) တို့ လုပ်ငန်းကွဲပြားသွားသဖြင့် VocalLink ၌ အမှာစာလက်ခံရန်အရည်အချင်းမပြည့်ဝတော့ရာ UnionPay သည် ATM အော်ပရေတာအားလုံးနှင့် တစ်ခုချင်းစီစာချုပ်ချုပ်ဆိုရန် လိုအပ်လာခဲ့ပါသည်။ UK ATM မှ UnionPay ကတ်အား အလုံးစုံပြန်လည် လက်ခံလာရန်အတွက် လက်ရှိတွင် မိမိတို့သည် ဒေသခံ ATM အော်ပရေတာအများစုနှင့် စာချုပ်ချုပ်ဆိုပြီး၍ ကျန်ရှိနေသေးသော အော်ပရေတာများနှင့် စာချုပ်ချုပ်ဆိုရေး ကိစ္စရပ်အား တိုးမြှင့်ဖော်ဆောင်လျက်ရှိပါသည်။ ထိုကာလအတွင်း ပေကျင်းစံတော်ချိန် ၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက်နေ့ အရုဏ်တက်ချိန် ၃ နာရီ (ဗြိတိန်စံတော်ချိန် မတ်လ ၂၉ ရက်နေ့ည ၈ နာရီ) မှစ၍ ဗြိတိန်ရှိ ATM စက်အနည်းစု၌ UnionPay ကတ်အသုံးပြုရာတွင် ယာယီအကျိုးသက်ရောက်မှုရှိနိုင်သဖြင့် ကတ်ကိုင်ဆောင်သူများအား အနီးအနားရှိ အခြား ATM စက်များ၌ စမ်းသပ်၍ ငွေထုတ်ပါရန် သို့မဟုတ် UnionPay ဖြင့် တိုက်ရိုက်ကတ်ဆွဲ၍ ငွေပေးချေပါရန် အကြံပြုအပ်ပါသည်။ ယင်းဒေသရှိ ATM အော်ပရေတာများ ဆက်တိုက်ဆိုသလိုပါဝင်လာသည်နှင့်အမျှ အကျိုးသက်ရောက်မှုရှိသော ATM စက်အရေအတွက်များလည်း ဆက်တိုက်လျော့နည်းလာလျက်ရှိပါသည်။
 မကာအိုဘဏ္ဍာရေးစီမံခန်းခွဲရေးဦးစီးဌာန၏ တောင်းဆိုချက်အရ ပြည်တွင်း၌ ထုတ်ပေးသည့်ဘဏ်ကတ်များ မကာအို၌ ATM လုပ်ငန်းဆောင်ရွက်ရာတွင် ငွေထုတ်သူ၏အချက်အလက်အား ခွဲခြမ်းစိတ်ဖြားခြင်း (Know Your Customer – KYC) မူဝါဒကို ကျင့်သုံးစေမည်ဖြစ်သည်။ ထိုမူဝါဒသည် ပြည်တွင်း၌ထုတ်ပေးသည့်ဘဏ်ကတ် အမှတ်တံဆိပ်များအားလုံးအတွက် အကျုံးဝင်ပါသည်။ ထိုမူဝါဒအား ATM စက်အချို့၌ စတင်စမ်းသပ်အသုံးပြုမည်ဖြစ်ရာ ကတ်ကိုင်ဆောင်သူမှ ကတ်စိုက်လိုက်ပြီးပါက ATM စက်သည် KYC စစ်ဆေးမှုလိုအပ်ခြင်းရှိမရှိကို အလိုအလျောက်ဝေခွဲ၍ လမ်းညွှန်မှု ပေးအပ်မည် ဖြစ်သည်။ ကတ်ကိုင်ဆောင်သူမှ ပြည်တွင်း၌ထုတ်ပေးသည့်ဘဏ်ကတ်ကို အသုံးပြု၍ မကာအို၌ ငွေသားထုတ်ယူပါက ATM စက်အချို့သည် ငွေထုတ်သူ၏ ဒုတိယမျိုးဆက်မှတ်ပုံတင်ကတ်အား ကတ်ဖတ်သည့်စက်ပေါ်၌ စစ်ဆေးမှုခံယူရန် တောင်းဆိုပါလိမ့်မည်။ တစ်ပြိုင်နက်ပင် ATM စက်ရှိ ကင်မရာဖြင့် မျက်နှာအတည့်ဓာတ်ပုံရိုက်ကူး၍ မှတ်ပုံတင်ကတ်နှင့်လည်း နှိုင်းယှဉ်စစ်ဆေးပါလိမ့်မည်။


 UnionPay ကုန်သည်စီမံခန့်ခွဲမှုစည်းမျဉ်းစည်းကမ်းများအရ မိမိတို့သည် ပြည်တွင်း၌ထုတ်ပေးသည့် UnionPay ကတ်ဖြင့် နယ်စည်းဖြတ်ကျော် အိမ်ခြံမြေဝယ်ယူခြင်းကို တင်းတင်းကြပ်ကြပ်တားမြစ်ထားပါသည်။

ပြည်တွင်းရှိပြည်သူများ ပင်လယ်ရပ်ခြား၌ မတော်တဆမှု၊ အနာရောဂါ စသည့် ခရီးသွားလာရေးနှင့်စပ်လျဉ်းသည့် အာမခံများဝယ်ယူရာတွင် UnionPay ကတ်ဖြင့် ငွေပေးချေနိုင်ပါသည်။ အခြားအာမခံများကိုမူ UnionPay ကတ်ဖြင့် ငွေပေးချေရန် တင်းတင်းကြပ်ကြပ်တားမြစ်ထားပါသည်။ ထို့ပြင် ပြည်တွင်းမှထုတ်ပေးသည့် ဘဏ်ကတ်ကိုင်ဆောင်၍ သက်ဆိုင်ရာအာမခံများဝယ်ယူခြင်းအတွက် တစ်ကြိမ်လျှင် အမေရိကန်ဒေါ်လာ ၅၀၀၀ သို့မဟုတ် အခြားတန်ဖိုးတူနိုင်ငံခြားငွေပမာဏအထိသာ အသုံးပြုရန် ကန့်သတ်ထားပါသည်။
UnionPay ၏ လုပ်ငန်းစည်းမျဉ်းစည်းကမ်းများအရ UnionPay ကတ်ဖြင့် လောင်းကစားလုပ်ငန်းကုန်သည်များထံ တိုက်ရိုက်နှင့် သွယ်ဝိုက်ငွေပေးချေခြင်းအား တားမြစ်ထားပါသည်။
အကယ်၍ ကတ်ကိုင်ဆောင်သူမှ တစ်ရက်နှင့် နှစ်အလိုက် ပြည်ပ၌ငွေထုတ်နိုင်သည့် ပမာဏအား ကျော်လွန်ခြင်းမရှိကြောင်း အတည်ပြုနိုင်ပါက ATM စက်၌ ငွေသားထုတ်ယူမှု ငြင်းပယ်ခံရခြင်းသည် အမှာစာလက်ခံသည့်ဘဏ်အချို့၏ ATM စက်မှ သီးသန့် သတ်မှတ်ထားသည့် နယ်စည်းဖြတ်ကျော်ငွေထုတ်နိုင်သည့်ပမာဏ ကန့်သတ်ချက်နှင့် သက်ဆိုင်ပါလိမ့်မည်။ ထိုသို့ဖြစ်ပွားပါက အခြားဘဏ်တစ်ခု၏ ATM စက်သို့ ပြောင်းလဲ၍ ငွေထုတ်ယူရန် အကြံပြုပါသည်။


ပင်လယ်ရပ်ခြားသို့မထွက်ခွာမီ UnionPay ကတ်အား စစ်ဆေးပါ

သင်၏ကတ်မျက်နှာပြင်တွင် “UnionPay” အမှတ်တံဆိပ်ရိုက်နှိပ်ထားပါသည်။ အကယ်၍မပါရှိပါက ကတ်ထုတ်ပေးသည့်ဘဏ်သို့သွားရောက်၍ ကတ်သစ်လျှောက်ထား လဲလှယ်နိုင်ပါသည်။
Debit card ဖြစ်စေ၊ Credit card ဖြစ်စေ၊ ကတ်နောက်ကျောရှိ လက်မှတ်ထိုးရန်နေရာ၌ လက်မှတ်ထိုးရမည်။ အကယ်၍ လက်မှတ်ရေးထိုးမထားပါက ချက်ချင်းလက်မှတ်ထိုးပါ။
အသုံးပြုနိုင်ကြောင်း သေချာစေရန်အတွက် UnionPay ကွန်ရက် ပင်လယ်ရပ်ခြား ကတ်အသုံးပြုဝန်ဆောင်မှုအား ဖွင့်ပေးခြင်းရှိမရှိကို ကတ်ထုတ်ပေးသည့်ဘဏ်ထံ ကြိုတင်စုံစမ်းမေးမြန်းပါ။ အသေးစိတ်အား ကတ်ထုတ်ပေးသည့်ဘဏ်အမည်စာရင်းတွင် ကြည့်ရှုပါ။

ပင်လယ်ရပ်ခြား၌ UnionPay အသုံးပြုနိုင်သည့် အတိုင်းအတာ

UnionPay ကွန်ရက်သည် တရုတ် ဟောင်ကောင်နှင့် မကာအို၊ ဂျပန်၊ တောင်ကိုရီယား၊ စင်ကာပူ၊ မလေးရှား၊ ထိုင်း၊ သြစတြေးလျ၊ နယူးဇီလန်၊ အမေရိကန်၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ စသည့် တရုတ်လူမျိုးများ အသွားအလာများပြားသည့်နိုင်ငံနှင့် ဒေသများသို့ ဖြန့်ကြက်ပြီးဖြစ်ပါသည်။ နိုင်ငံအသေးစိတ်အား “UnionPay ဝန်ဆောင်မှုရရှိနိုင်သည့် နိုင်ငံနှင့် ဒေသများ ဇယား” ၌ ကြည့်ရှုပါ။

UnionPay ကတ်အား ပင်လယ်ရပ်ခြား၌ ဘဏ်ကောင်တာမှတစ်ဆင့် ငွေလွှဲခြင်းနှင့် ငွေသားထုတ်ယူခြင်း မဆောင်ရွက်နိုင်ပါ။ ကုန်သည်၏ POS စက်မှတစ်ဆင့် ငွေသားထုတ်ယူ၍လည်း မရပါ။

ပင်လယ်ရပ်ခြား၌ UnionPay ကတ်အသုံးပြုနိုင်သည့် ကုန်သည်နှင့် ATM စက်အား ခွဲခြားခြင်း
ပင်လယ်ရပ်ခြား၌ “UnionPay” အမှတ်တံဆိပ်ကပ်ထားသည့် ကုန်သည်များနှင့် ATM (အလိုအလျောက်ငွေထုတ်ယူစက်) များ၌  UnionPay ကတ်အသုံးပြုနိုင်ပါသည်။

နိုင်ငံအချို့၏ လုပ်ထုံးလုပ်နည်းကြောင့် UnionPay အမှတ်တံဆိပ်အား ATM (အလိုအလျောက်ငွေထုတ်ယူစက်) ၏ ဖန်သားပြင်၌သာ မြင်တွေ့နိုင်သဖြင့် ကတ်ကိုင်ဆောင်သူမှ သတိထားကြည့်ရှုရန် လိုအပ်ပါသည်။ ကုန်သည်အချို့ သို့မဟုတ် ATM စက်များ၌ “UnionPay” အမှတ်တံဆိပ်မကပ်ထားခြင်းလည်း ဖြစ်နိုင်သဖြင့် ကတ်ကိုင်ဆောင်သူမှ UnionPay ကတ် အသုံးပြုနိုင်ခြင်းရှိမရှိအား ငွေသိမ်းသူထံ မေးမြန်းနိုင်ပါသည်။  ထို့ပြင် ATM စက်၌ဖော်ပြထားသည့် မိတ်ဖက်အဖွဲ့အစည်းများ၏အမှတ်တံဆိပ်မှတစ်ဆင့်လည်း UnionPay ကတ် အသုံးပြုနိုင်ခြင်းရှိမရှိအား အတည်ပြုနိုင်ပါသည်။ အသေးစိတ်အချက်အလက်အား နိုင်ငံအသီးသီး၏ “Card Tips” ၌ ရှာဖွေကြည့်ရှုခြင်း သို့မဟုတ် UnionPay Customer ဝန်ဆောင်မှု Hotline (95516) ထံ စုံစမ်းမေးမြန်းခြင်း ဆောင်ရွက်နိုင်ပါသည်။

နိုင်ငံခြားငွေဖြင့် ကတ်ဆွဲငွေကြေးသုံးစွဲ၍ တရုတ်ယွမ်ငွေဖြင့် ပြန်လည်နှုတ်ယူခြင်း

ပင်လယ်ရပ်ခြား၌ UnionPay ကတ်အသုံးပြုရာတွင် UnionPay ကွန်ရက်မှတစ်ဆင့် ငွေသုံးစွဲခြင်း သို့မဟုတ် ငွေထုတ်ယူခြင်းဆောင်ရွက်စဉ်တွင် ပေါ်ပေါက်သည့် ဒေသသုံး ငွေကြေးပမာဏအား ဈေးကွက်ပေါက်ဈေးငွေလဲနှုန်းဖြင့် တရုတ်ယွမ်ငွေပမာဏအဖြစ် တိုက်ရိုက်ပြောင်းလဲပေးပြီးနောက် ကတ်ထုတ်ပေးသည့်ဘဏ်မှ ချက်ချင်းပင် ကတ်ကိုင်ဆောင်သူ၏ တရုတ်ယွမ်ငွေဘဏ်စာရင်းထဲသို့ စာရင်းသွင်းပေးသည်။
သက်ဆိုင်ရာငွေကြေးကောက်ခံခြင်း
ကုန်သည်ထံ၌ UnionPay ကတ်ဖြင့်ငွေသုံးစွဲစဉ်တွင် ကတ်ကိုင်ဆောင်သူသည် ဝန်ဆောင်ခလုံးဝပေးချေရန် မလိုအပ်ပါ။ (အချို့ဒေသရှိ ဒေသခံစောင့်ကြပ်ရေးဌာန၏ ချွင်းချက်သတ်မှတ်ချက်မှအပ)

UnionPay ကတ်အသုံးပြု၍ ATM စက်မှ ငွေထုတ်စဉ်တွင် ကတ်ထုတ်ပေးသည့်ဘဏ်မှ အတိုင်းအတာတစ်ခုအထိ ဝန်ဆောင်ခယူပါသည်။ ဝန်ဆောင်ခကောက်ခံသည့် အသေးစိတ်အခြေအနေအား ကတ်ထုတ်ပေးသည့်ဘဏ်၌ စုံစမ်းမေးမြန်းနိုင်ပါသည်။ နိုင်ငံအချို့၏ ATM စက်အချို့သည်လည်း အပိုသီးခြားဝန်ဆောင်ခအနည်းငယ် ယူပါသည်။ ထို ATM စက်များသည် အပိုသီးခြားဝန်ဆောင်ခအား အကြိမ်ရေအလိုက် ရယူပါသည်။

ပင်လယ်ရပ်ခြား၌ UnionPay အသုံးပြု၍ UnionPay ကွန်ရက်မှတစ်ဆင့် ငွေကြေးသုံးစွဲခြင်း သို့မဟုတ် ငွေသားထုတ်ယူခြင်း ဆောင်ရွက်ခြင်းသည် အခြားဘဏ်ကတ်များ၏ ကွန်ရက်နှင့် နှိုင်းယှဉ်လျှင် ငွေကြေးလဲလှယ်စရိတ် မကုန်ကျပေ။

Credit card ၊ Debit card အား လိမ္မာပါးနပ်စွာအသုံးပြုခြင်း
ပင်လယ်ရပ်ခြား၌ Credit card အသုံးပြုခြင်းဖြင့် ငွေပိုမိုထုတ်ယူနိုင်ပြီး အတိုင်းအတာတစ်ခုအထိ အတိုးမဲ့ခံစားခွင့်ရှိသည်။ သို့သော် ငွေသုံးစွဲရာ၌ အကြွေးပမာဏ ကန့်သတ်ခံရသည်။ Debit card အသုံးပြု၍ ငွေသုံးစွဲခြင်းဖြင့် ဘဏ်စာရင်း လက်ကျန်ငွေပမာဏ၏ ကန့်သတ်ခြင်းကိုသာခံရပြီး (ကိုယ်တိုင် သုံးစွဲသည့်ပမာဏ ကန့်သတ်ထားသည်မှလွဲ၍) ပမာဏအများအပြား သုံးစွဲရန် သင့်လျော်ပါသည်။ ပင်လယ်ရပ်ခြား၌ Credit card အသုံးပြု၍ ငွေသားထုတ်ယူရာ၌ ဝန်ဆောင်ခအချို့ ပေးချေရသည့်အပြင် ငွေသားကြိုတင်ချေးယူသည့်အတွက် အတိုးပေးရပါသေးသည်။ သို့ဖြစ်ရာ ကတ်ကိုင်ဆောင်သူအား ပင်လယ်ရပ်ခြား၌ ငွေသားထုတ်ယူစဉ်တွင် အတတ်နိုင်ဆုံး Debit card အသုံးပြုရန် အကြံပြုအပ်ပါသည်။ Debit card အသုံးပြု၍ ငွေသားထုတ်ယူပါက ဝန်ဆောင်ခအချို့ကိုသာ ပေးအပ်ရန်လိုပါသည်။

လက်မှတ်ထိုးခြင်းနှင့် စကားဝှက်
Credit card ဖြစ်စေ၊ Debit card ဖြစ်စေ ကတ်နောက်ကျောရှိ လက်မှတ်ထိုးရန်နေရာတွင် လက်မှတ်ထိုးရပါမည်။ ကတ်အသုံးပြု၍ ဈေးဝယ်စဉ်တွင် ငွေသိမ်းသူ တိုက်စစ်ရလွယ်ကူစေရန်အတွက် ဈေးဝယ်စာရင်း၌ လက်မှတ်ရေးထိုးပါ။ Credit card ဖြစ်စေ၊ Debit card ဖြစ်စေ ကတ်ဆွဲစဉ်တွင် စကားဝှက်ရိုက်ထည့်ရပါမည်။ စကားဝှက်ထည့်သွင်းခြင်းမပြုထားသည့်ကတ်ဖြစ်ပါက “အတည်ပြုသည်” ကို တိုက်ရိုက်ရိုက်နှိပ်ခြင်း သို့မဟုတ် စိတ်ကြိုက်ဂဏန်း ၆ လုံး ရိုက်ထည့်ခြင်း ဆောင်ရွက်နိုင်သည်။ သင်၏ကတ်စကားဝှက်အား အလွန်လွယ်ကူစွာ မထားပါနှင့်။ အဝေးကင်မရာအား ကာကွယ်ရန်အတွက် စကားဝှက်ရိုက်ထည့်စဉ် ကီးဘုတ်အား  လက်ဖြင့်ကာထားပါ။
သင်ကိုင်ဆောင်သော UnionPay Credit card (62 နှင့်စသည့်ကတ်နံပါတ်) ဖြင့် UnionPay ပင်လယ်ရပ်ခြားကုန်သည်ထံ၌ ကတ်ဖြင့်ငွေရှင်းစဉ်တွင် ငွေပေးငွေယူ စကားဝှက် ထားရှိပြီးပါက “လက်မှတ်ရေးထိုးသည်+စကားဝှက်” အားနှိပ်၍ ငွေပေးငွေယူခြင်းအား အတည်ပြုနိုင်ပါသည်။ ငွေပေးငွေယူစကားဝှက် မထားရှိသည့်ကတ် ဖြစ်ပါက လက်မှတ်ရေးထိုးခြင်းဖြင့် အတည်ပြုနိုင်ပါသည်။

 သတိပေးချက် - လက်ရှိအချိန်အထိ ထိုကဲ့သို့ကုန်သည်များသည် အဓိကအားဖြင့် အမေရိကန်၊ တောင်ကိုရီးယား၊ ဟန်ဂေရီ၊ အိုက်စ်လန်၊ အီတလီ၊ ဂျာမနီ၊ သြစတြီးယား၊ စပိန်၊ ဂျပန်၊ သြစတြေးလျ၊ ဘဟားမား၊ ဘရာဇီး၊ ပြင်သစ်၊ ဗြိတိန်၊ နယ်သာလန်၊ အိုင်ယာလန်၊ ဂရိ၊ ဒိန်းမတ်၊ ဆွစ်ဇာလန်၊ နော်ဝေး၊ ဆွီဒင်၊ ရုရှားနှင့် ကာဇက်စတန် တို့၌ ဖြန့်ကြက်လျက်ရှိသည်။ အခြားနိုင်ငံနှင့် ဒေသများ၌ သုံးစွဲနိုင်သည့်အခြေအနေမှာမူ UnionPay International ၏ ကြေညာချက်များသည်သာ အတည်ဖြစ်ပါသည်။

ပျောက်ဆုံးကြောင်း အသိပေးခြင်း

ပင်လယ်ရပ်ခြား၌ ကတ်ပျောက်ဆုံးပါက ကတ်ထုတ်ပေးသည့်ဘဏ်အား ချက်ချင်း ဆက်သွယ်၍ နှုတ်ဖြင့် ပျောက်ဆုံးကြောင်း အသိပေးပြီး မိမိနိုင်ငံသို့ ပြန်လည်ရောက်ရှိချိန်၌ သက်ဆိုင်ရာစာရွက်စာတမ်းများပြုလုပ်ရမည်။

ကတ်ကျန်နေခြင်းအား ဖြေရှင်းခြင်း
ATM စက် error တက်ခြင်း၊ ကတ်ကိုင်ဆောင်သူမှ မှားယွင်းစွာဆောင်ရွက်မိခြင်း သို့မဟုတ် ကတ်ထုတ်ယူရန်မေ့လျော့ခြင်းတို့ ဖြစ်ပွားပါက ATM စက်ထဲ၌ ကတ်ကျန်နေလိမ့်မည်။ ATM စက်ထဲ၌ ကတ်ကျန်နေပါက ကတ်ကျန်ခဲ့သည့် ဒုတိယနေ့မှစ၍ ၃ ရက်အတွင်း (ရုံးပိတ်ရက်နှင့်တိုက်ဆိုင်ပါက ရက်နောက်ဆုတ်သွားမည်) အကျုံးဝင်သော ID ကတ် (ဥပမာ - ပတ်စ်ပို့) ယူဆောင်၍ ကတ်ကျန်ခဲ့သည့် ATM စက်နှင့်သက်ဆိုင်သည့်ကွန်ရက်၌ ကတ်ပြန်ယူရန် စာရွက်စာတမ်းပြုလုပ်ရပါမည်။ ၃ ရက်အတွင်း သတ်မှတ်ချက်အတိုင်း ကတ်ယူဆောင်ခြင်းမရှိပါက ကတ်ဖျက်ဆီးခံရမည် ဖြစ်ပြီး ကတ်ကိုင်ဆောင်သူမှ မိမိနိုင်ငံသို့ပြန်လည်ရောက်ရှိပြီးနောက် ကတ်ထုတ်ပေးသည့်ဘဏ်၌ ကတ်သစ်အစားထိုးထုတ်ပေးရန်အတွက် လျှောက်ထားရန် လိုအပ်ပါသည်။

စာရင်းမှားခြင်းအား ဖြေရှင်းခြင်း

ငွေထုတ်ယူစဉ် အကောင့်ထံမှ ငွေနှုတ်ယူလိုက်သော်လည်း ATM မှ ငွေစက္ကူထွက်မလာခြင်း သို့မဟုတ် ငွေသုံးစွဲစဉ် ဘဏ်စာရင်းထဲရှိငွေပမာဏအား ပိုနှုတ်လိုက်ခြင်း ဖြစ်ပွားပါက ကတ်ကိုင်ဆောင်သူသည် မိမိနိုင်ငံသို့ပြန်လည် ရောက်ရှိပြီးနောက် ကတ်ထုတ်ပေးသည့်ဘဏ်ထံ စာရင်းမှား၍ ဖြေရှင်းပေးရန် လျှောက်ထားနိုင်သည်။